အဓိကတာဝန်များ
Treasure Net တွင်ဖွင့်လှစ်ထားသော Computer သင်တန်းများ၏ သင်ကြားရေးတွင် ကူညီခြင်း၊ Practical Exercises နှင့် Teaching Materials များ ပြင်ဆင်ခြင်း၊ ကျွမ်းကျင်လာသည်နှင့်အမျှ သင်တန်းများကို တဖြည်းဖြည်းတာဝန်ယူသင်ကြားခြင်း။
လိုအပ်ချက်များ
- ဘွဲ့ရရှိပြီးသူများ ဦးစားပေးမည်။
- Computer/IT ဆိုင်ရာ Degree, Diploma သို့မဟုတ် Certificate ရှိသူများ ပိုမိုသင့်တော်သည်။
- ဘွဲ့မရရှိသေးပါကလည်း သက်ဆိုင်ရာ Computer ကျွမ်းကျင်မှုဆိုင်ရာ Certificate များရှိပြီး သင်ကြားရေးကို ဝါသနာပါသူဖြစ်ရမည်။
- Computer Literacy နှင့် Microsoft Office အသုံးပြုမှုကောင်းမွန်ရမည်။
- လူကြီးလူငယ်မရွေး စိတ်ရှည်စွာ ပြောဆို ဆက်ဆံသင်ကြားနိုင်ရမည်။
- Teaching Experience မရှိသေးသူများလည်း လျှောက်ထားနိုင်သည်။
လစာနှင့်ခံစားခွင့်များ
မျှော်မှန်းလစဉ်ဝင်ငွေ — 350,000 Ks နှင့်အထက်
Basic Salary အပြင် ရက်မှန်ကြေး (Attendance Bonus) နှင့် Performance / Student Bonus နှင့် Overtime များ ခံစားခွင့်ရှိပါသည်။
Starting Salary ကို ပညာအရည်အချင်း၊ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုအလိုက် သတ်မှတ်ပြီး Bonus များသည် Performance နှင့် လုပ်ငန်းအခြေအနေအလိုက် လစဉ်ကွာခြားနိုင်ပါသည်။
🕐 အလုပ်ချိန်နှင့် ခွင့်ရက်
အလုပ်ချိန် - 9AM to 5PM
နားရက် - တစ်လလျှင် (၄) ရက် (တစ်ပါတ် တစ်ရက်)
အခြားခွင့်များ -
ရှောင်တခင်ခွင့် (တနှစ်လျှင် ၆ ရက်)
လုပ်သက်ခွင့် (တစ်နှစ်လျှင် ၁၀ ရက်၊ လုပ်သက်တစ်နှစ်ပြည့်ပြီး ဝန်ထမ်းများအတွက်သာ)
🎓 အဝေးသင်တက္ကသိုလ်တက်ရောက်နေသူများလည်း လျှောက်ထားနိုင်ပါသည်။
ဆက်သွယ်လျှောက်ထားရန်
📍 လုပ်ငန်းနေရာ — Treasure Net Learning Center, အမှတ်(၄)ရပ်ကွက်၊ ညဈေးအနီး၊ ဘားအံမြို့။
📝 လျှောက်ထားရန်
အောက်တွင် ဖော်ပြထားသော Apply Now ကိုနှိပ်၍ ဖောင်ဖြည့်၍ လျှောက်ထားနိုင်ပါသည်။
📅 Application Deadline — 26 September 2026
Shortlisted Candidates များကို Interview အတွက် ပြန်လည် ဆက်သွယ်ပေးပါမည်။