Skip to Content

Job Descriptions


Assistant IT Technician 

 

🔹 Department

Service Team


🔹 Purpose

Computer, CCTV နှင့် POS Devices များကို ပြင်ဆင်တပ်ဆင်ခြင်း၊ After-sale Service ပေးခြင်းနှင့် Technical Support ဆောင်ရွက်ခြင်းဖြင့် Customer များနှင့် Internal အသုံးပြုမှုများအတွက် စနစ်တကျ လည်ပတ်နိုင်ရန် ကူညီဆောင်ရွက်ခြင်း။


🔹 Key Responsibilities (အဓိက တာဝန်ဝတ္တရားများ)

 

🔧 Technical & Repair

• Desktop နှင့် Laptop များ ပြင်ဆင်ခြင်း၊ Upgrade ပြုလုပ်ခြင်း

• Walk-in Repair Service များကို စစ်ဆေးပြီး ပြင်ဆင်ပေးခြင်း

• Windows OS နှင့် Software များ Install / Troubleshoot ပြုလုပ်ခြင်း


🔄 After-Sales Service

• Laptop ဝယ်ယူပြီးနောက် Software Installation များ ဆောင်ရွက်ပေးခြင်း

• Warranty Process (ပစ္စည်းအာမခံဆိုင်ရာ လုပ်ငန်းများ) ကို ကူညီဆောင်ရွက်ခြင်း

• Customer များ၏ After-sale ပြဿနာများကို ဖြေရှင်းပေးခြင်း


📹 Devices Setup

• CCTV Camera နှင့် DVR/NVR များ Configuration ပြုလုပ်ခြင်း

• POS Devices များ (Receipt Printer, Barcode Scanner, Cash Drawer) Configuration ပြုလုပ်ခြင်း 

• Router, LAN, WiFi များ Setup ပြုလုပ်ခြင်း

• Network ပြဿနာများ အခြေခံအဆင့် Troubleshoot ပြုလုပ်ခြင်း


🛍️ Pre-Sales Technical Support

• Sales Team နှင့်ပူးပေါင်း၍ Technical အကြံပေးခြင်း

• Customer လိုအပ်ချက်အရ သင့်တော်သော Product များ အကြံပြုခြင်း


🏢 Internal Support

• Training တွင် အသုံးပြုသော Computer များကို ထိန်းသိမ်းပြုပြင်ခြင်း

• Internal Devices များ အမြဲအသုံးပြုနိုင်ရန် စစ်ဆေးထိန်းသိမ်းခြင်း


🚚 Installation & General Support

• လိုအပ်ပါက Customer Site တွင် Device များ တပ်ဆင်ပေးခြင်း

• Showroom များအကြား ပစ္စည်းများ ပို့ဆောင်ကူညီခြင်း

• လိုအပ်သည့်အခါ Sales Process ကို ကူညီဆောင်ရွက်ခြင်း

• အလုပ်နေရာနှင့် ပစ္စည်းများကို သန့်ရှင်းစွာ ထိန်းသိမ်းခြင်း


🔹 လိုအပ်သော ကျွမ်းကျင်မှုများ

• Computer Hardware အခြေခံနားလည်မှုရှိခြင်း

• Windows OS နှင့် Software Install လုပ်နိုင်ခြင်း

• Basic Networking Knowledge

• CCTV နှင့် POS Devices များ အသုံးပြုနိုင်ခြင်း (Training ပေးနိုင်သည်)


🔹 ကိုယ်ပိုင်အရည်အချင်းများ

• လက်တွေ့လုပ်နိုင်စွမ်းရှိခြင်း (Hands-on)

• ပြဿနာဖြေရှင်းနိုင်မှုရှိခြင်း

• တာဝန်ယူမှုရှိပြီး စည်းကမ်းလိုက်နာမှုရှိခြင်း

• သင်ယူလိုစိတ်ရှိပြီး Teamwork ကောင်းမွန်ခြင်း


🔹 KPI / စွမ်းဆောင်ရည် တိုင်းတာချက်များ

• Repair နှင့် Installation အောင်မြင်မှု

• Service ပြီးမြောက်ချိန်

• Customer Satisfaction

• Attendance နှင့် Discipline

• Teamwork

Assistant Sales 

 

🔹 Department

Sales Team (SR1 / SR2 / SR3 အလိုက် တာဝန်ခွဲဝေ)

 

🔹 Job Purpose (ရည်ရွယ်ချက်)

 နေ့စဉ် အရောင်းလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ခြင်း၊ Customers များအား သင့်တော်သည့် IT Product များကို အကြံပြုရွေးချယ်ပေးခြင်းနှင့် Customer Service ကောင်းမွန်စွာဖြင့် Sales Target ပြည့်မီအောင် ရောင်းချနိုင်ရန် ကူညီဆောင်ရွက်ခြင်း။

 

🔹 Key Responsibilities (အဓိက တာဝန်ဝတ္တရားများ)

 

🛍️ Sales & Customer Service

• ဆိုင်သို့ လာရောက်သော Customer များကို ယဉ်ကျေးပြုမူစွာ ကြိုဆို၍ ကူညီဆောင်ရွက်ပေးခြင်း

• Customer လိုအပ်ချက်များကို နားလည်ပြီး သင့်တော်သော Product များ (Laptop, Accessories, POS Devices စသည်) ကို အကြံပြုပေးခြင်း

• Product Features, စျေးနှုန်းများနှင့် Promotion များကို ရှင်းလင်းပြောပြနိုင်ခြင်း

• အခြေခံ Product Demonstration များ ပြုလုပ်ပေးနိုင်ခြင်း


💰 Sales Operations

• Quotation နှင့် Invoice များ ပြင်ဆင်ထုတ်ပေးခြင်း

• POS (Point of Sale) မှာ ရောင်းချမှုများကို ကူညီဆောင်ရွက်ခြင်း

• Customer မေးမြန်းမှုများကို Follow up ပြုလုပ်ခြင်း (Facebook, TikTok, ဖုန်း, ဆိုင်အတွင်း/Online)

• Closing Sale Deals (အရောင်းအဝယ် အပြီးသတ်နိုင်ရန်) ကူညီဆောင်ရွက်ခြင်း


📦 Product & Inventory Support

• Product Availability နှင့် Stock Level များကို စစ်ဆေးခြင်း

• Showroom အတွင်း Product များကို စနစ်တကျ စီမံထားရှိရန် ကူညီခြင်း

• Product Knowledge များကို အမြဲ Update ပြုလုပ်ခြင်း (New Arrivals, Specs, Pricing)

 

📢 Marketing Support

• Basic Content (ဓာတ်ပုံ၊ Video ရိုက်ကူးမှုများ) အတွက် ကူညီပံ့ပိုးခြင်း

• Promotion နှင့် Campaign များကို Customer များသို့ အသိပေးခြင်း

• Showroom ကို သန့်ရှင်းပြီး စနစ်တကျ ဖြစ်အောင် ထိန်းသိမ်းခြင်း


📊 Reporting

• နေ့စဉ် အရောင်းလုပ်ငန်းများကို မှတ်တမ်းတင်ခြင်း

• Customer Feedback နှင့် Market Demand များကို တင်ပြခြင်း

• လစဉ် Sales Target များ ပြည့်မီရန် Team ကို ကူညီပံ့ပိုးခြင်း


🔹 လိုအပ်သော ကျွမ်းကျင်မှုများနှင့် အရည်အချင်း


💡 ကျွမ်းကျင်မှုများ

• Computer အခြေခံအသုံးပြုနိုင်ခြင်း (Word, Excel, POS System)

• ဆက်သွယ်ပြောဆိုမှုကောင်းမွန်ပြီး Customer များနှင့် ဆက်ဆံနိုင်ခြင်း

• IT Product များအပေါ် အခြေခံ နားလည်မှုရှိခြင်း (Training ပေးနိုင်သည်)


🔹 ကိုယ်ပိုင်အရည်အချင်းများ

• Customer များအပေါ် စိတ်ရှည်၍ ဖော်ရွေမှုရှိခြင်း

• တာဝန်ယူမှုရှိပြီး ယုံကြည်စိတ်ချရခြင်း

• သင်ယူလိုစိတ်ရှိပြီး တိုးတက်လိုစိတ်ရှိခြင်း

• တက်ကြွပြီး အလုပ်လုပ်နိုင်စွမ်းရှိခြင်း


🔹 KPI / စွမ်းဆောင်ရည် တိုင်းတာချက်များ

• Sales Target ပြည့်မီမှု

• Customer Satisfaction

• Product Knowledge တိုးတက်မှု

• Attendance နှင့် Discipline

• Teamwork


ရရှိခံစားနိုင်သည့်ခွင့်များ


အလုပ်နားရက် (Off ရက်)

o   ဝန်ထမ်းများအားလုံး တစ်လလျှင် (၄) ရက် အလုပ်ပိတ်ရက် ရရှိမည်ဖြစ်ပါသည်။ အလုပ်နားရက်အား သက်ဆိုင်ရာ Team Leader/ Manager နှင့် ညှိနှိုင်း၍ အလှည့်ကျ ယူနိုင်ပါသည်။ 

o   February လတွင် အလုပ်နားရက် (၃) ရက်သာ ရရှိမည်ဖြစ်သည်။

o   April လတွင် အလုပ်နားရက် (၂) ရက်သာ ရရှိမည်ဖြစ်သည်။ (သင်္ကြန်ပိတ်ရက် မပါ)


လုပ်ငန်းတစ်ခုလုံး၏ ပိတ်ရက်

o   လုပ်ငန်းတစ်ခုလုံးပိတ်သည့် လုပ်ငန်းပိတ်ရက်များကို Treasure Net မှ အခါအားလျှော်စွာ သတ်မှတ်ပေးသွားမည်ဖြစ်သည်။ (ပုံသေသတ်မှတ်ထားခြင်းမရှိပါ)


ရှောင်တခင်ခွင့် 

o   တစ်နှစ်လျှင် (၆) ရက် အများဆုံး ရရှိမည်ဖြစ်ပါသည်။

o   နေထိုင်မကောင်းဖြစ်ခြင်းနှင့် အရေးပေါ်လိုအပ်ချက်အရ ပေးသည့်ခွင့်ဖြစ်သည်။

o   လုပ်သက် (၆) လ မပြည့်သေးသူများအနေနှင့် ပထမ (၆)လအတွက် (၃)ရက်သာ ရရှိမည်ဖြစ်သည်။ ဒုတိယ (၆)လမှသာ နောက်ထပ် (၃)ရက် ထပ်မံယူနိုင်ပါမည်။

o   ရှောင်တခင်ခွင့်အတွက် သက်ဆိုင်ရာ Team Leader များအား အနည်းဆုံး တစ်ရက် ကြိုတင်၍ ခွင့်တိုင်ရပါမည်။


လုပ်သက်ခွင့်

o   တစ်နှစ်လျှင် (၁၀)ရက် အများဆုံး ရရှိမည်ဖြစ်ပါသည်။

o   လုပ်သက်တစ်နှစ်ပြည့်ပြီးသူများသာ နောက်လာမည့်နှစ်တွင် ခံစားခွင့်ရှိပါသည်။

o   (၃)ရက်ထက်ပိုသော လုပ်သက်ခွင့်အတွက် Team Leader မှတဆင့် Management ထံ အနည်းဆုံး တစ်ပါတ်ကြို၍ ခွင့်ပြုချက်တောင်းရပါမည်။

o   (၅)ရက်ထက်ပို၍ လုပ်သက်ခွင့်မယူခဲ့သော နှစ်အတွက် ကျန်သည့် လုပ်သက်ခွင့်ရက်အား တစ်ရက်စာလုပ်အားခဖြင့်မြှောက်၍ နှစ်အဆုံးတွင် ပြန်လည်ပေးအပ်ပါမည်။ (ဇန်နဝါရီ ၂၀၂၄ မှ စတင်ပါသည်)


လစာမဲ့ခွင့်

ရှောင်တခင်/လုပ်သက်ခွင့်များနှင့် မကိုက်ညီသော ခွင့်များနှင့် ခွင့်မဲ့ပျက်ကွက်ရက်များ အတွက် လစာမဲ့ခွင့် ဖြစ်ပါမည်။ လစာမဲ့ခွင့်ယူသည့်နေ့အတွက် လစာတွက်ချက်ပေးမည်မဟုတ်ပါ


လစာငွေတွက်ချက်ခြင်းဆိုင်ရာရှင်းလင်းချက်


အခြေခံလစာ

o   ဝန်ထမ်းတစ်ဦးခြင်းစီအတွက် သတ်မှတ်ထားသော အခြေခံ လစာငွေဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါ။


ရက်မှန်ကြေး 

o   မိမိရရှိသော Off ရက်နှင့် Treasure Net မှသတ်မှတ်သောလုပ်ငန်း ပိတ်ရက်များ ထက် ပို၍ မပျက်ကွက်သော လများအတွက် ရက်မှန်ကြေး ၂၀၀၀၀/-ကျပ် ရရှိမည်ဖြစ်သည်။ (တနည်းအားဖြင့် off ရက်ထက်ပို၍ ခွင့်မယူသော လများ) 


Off ရက်သတ်မှတ်ချက်
  • ဝန်ထမ်းများအားလုံး တစ်လလျှင် (၄) ရက် အလုပ်ပိတ်ရက် ရရှိမည်ဖြစ်ပါသည်။
  • February လတွင် (၃) ရက်သာ ရရှိမည်ဖြစ်သည်။
  • April လတွင် (၂) ရက်သာ ရရှိမည်ဖြစ်သည်။ (သင်္ကြန်ပိတ်ရက် မပါ)


Overtime

o   မိမိရရှိသော Off ရက်များတွင် မနားဘဲ (မိမိသဘောဆန္ဒဖြင့်) အလုပ်ဆင်းသည့်နေ့များအတွက် တွက်ချက်ပေးပါသည်။ အခြေခံလစာပေါ်မူတည်၍ တစ်ရက်လုပ်ငန်းခဖြင့် တွက်ချက်ပါသည်။


Bonus

o   လုပ်ငန်းစွမ်းဆောင်ရည်၊ တိုးတက်မှုနှင့် ရောင်းအား/ကျောင်းသားဦးရေ တို့ပေါ် အကဲဖြတ်၍ Bonus သတ်မှတ်ပေးခြင်းဖြစ်သည်။ တစ်ဦးနှင့်တစ်ဦးမတူညီနိုင်ပါ။ လတိုင်းလဲ မရနိုင်ပါ။

Type of Bonuses

  • Performance Bonus
  • Sale Target Bonus
  • Student Bonus


အရစ်ကျ/ကြိုထုတ်

o   Treasure Net မှ အရစ်ကျဝယ်ယူထားသော ပစ္စည်းများနှင့် လစာငွေကြိုထုတ်ခြင်းများရှိပါက ဤကဏ္ဍတွင် နှုတ်သွားမည်ဖြစ်သည်။

o   အရစ်ကျဝယ်ယူခြင်းအတွက် မည်သည့်ပစ္စည်းကိုဝယ်ယူလိုသည်ကို Management နှင့် တိုက်ရိုက်ဆွေးနွေး၍ Downpayment နှင့် ငွေပေးချေမှု အကြိမ်ရေကို သတ်မှတ်ပေးမည်ဖြစ်သည်။

o   လစာငွေကြိုထုတ်ခြင်းအတွက် အရေးပေါ်လိုအပ်ချက်မှအပ ကြိုတင်ထုတ်ပေးမည်မဟုတ်ပါ။ ကြိုတင်ထုတ်ပေးနိုင်သော ငွေကြေးပမာဏသည် မိမိ အခြေခံလစာ၏ တစ်ဝက်ထက် ပို၍ ထုတ်မပေးပါ။


သင့်ငွေ = အခြေခံလစာ + ရက်မှန်ကြေး + Overtime + Bonus - ကြိုထုတ်


လစာငွေပေးချေခြင်း 
  • လစာငွေအား သက်ဆိုင်ရာလ၏ လကုန်ရက်တွင် ထုတ်ပေးမည်ဖြစ်သည်။ 

Treasure Net Culture

Treasure Net သည် လုပ်ငန်းရလဒ်ကောင်းမွန်မှုသာမက ရေရှည်ယုံကြည်မှု၊ တာဝန်ယူမှု၊ အပြန်အလှန်လေးစားမှုနှင့် အမြဲတိုးတက်သင်ယူနိုင်သော လုပ်ငန်းပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်ရန် အလေးထားပါသည်။

Treasure Net ၏ ဝန်ထမ်းတိုင်းသည် မိမိ၏ ရာထူး၊ တာဝန်နှင့် လုပ်ငန်းဌာန မည်သို့ပင်ကွာခြားစေကာမူ အောက်ပါ ယဉ်ကျေးမှုနှင့် တန်ဖိုးများကို နေ့စဉ်လုပ်ငန်းခွင်တွင် လက်တွေ့လိုက်နာကျင့်သုံးရန် မျှော်လင့်ပါသည်။

1. Commitment & Hard Work
ကြိုးစားအားထုတ်မှုနှင့် တာဝန်ယူမှု
  • မိမိတာဝန်ယူထားသော အလုပ်များကို အချိန်မီ၊ မှန်ကန်ပြီး အကောင်းဆုံးအရည်အသွေးရရှိအောင် ကြိုးစားဆောင်ရွက်ရပါမည်။
  • အခက်အခဲများ၊ မသိရှိမှုများ သို့မဟုတ် အမှားများကြုံတွေ့လာပါက အလွယ်တကူလက်လျှော့ခြင်းမပြုဘဲ သင်ယူခြင်း၊ ဖြေရှင်းနည်းရှာဖွေခြင်းနှင့် ဆက်လက်တိုးတက်အောင် ကြိုးစားခြင်းကို အလေးထားပါသည်။
  • အလုပ်ပြီးမြောက်ရုံကိုသာ ရည်ရွယ်ခြင်းမဟုတ်ဘဲ မိမိ၏ အလုပ်အပေါ် တာဝန်ယူမှုရှိခြင်းနှင့် ရလဒ်ကောင်းမွန်အောင် ကြိုးစားခြင်းသည် Treasure Net Culture ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။
2. Integrity & Honesty
ရိုးသားမှုနှင့် ယုံကြည်စိတ်ချရမှု
  • Treasure Net သည် ရိုးသားမှုကို လုပ်ငန်းယုံကြည်မှု၏ အခြေခံအဖြစ် သတ်မှတ်ပါသည်။
  • Customer များ၊ လုပ်ဖော်ကိုင်ဖက်များ၊ အုပ်ချုပ်သူများနှင့် ဆက်ဆံရာတွင် ရိုးသားမှန်ကန်စွာ ပြောဆိုဆောင်ရွက်ရမည်ဖြစ်ပြီး အချက်အလက်များကို ဖုံးကွယ်ခြင်း၊ မှားယွင်းစွာတင်ပြခြင်း သို့မဟုတ် ကိုယ်ကျိုးအတွက် လွဲမှားစွာအသုံးချခြင်း မပြုရပါ။
  • အမှားဖြစ်ပေါ်ပါက ဖုံးကွယ်ရန် ကြိုးစားခြင်းထက် အမှားကို လက်ခံအသိပေးပြီး မှန်ကန်စွာ ပြင်ဆင်ဖြေရှင်းရန် အရေးကြီးပါသည်။
  • Trust ရရှိခြင်းသည် အချိန်ယူတည်ဆောက်ရသော်လည်း ရိုးသားမှုမရှိခြင်းကြောင့် ခဏအတွင်း ဆုံးရှုံးနိုင်သည်ကို ဝန်ထမ်းတိုင်း နားလည်ထားရပါမည်။
3. Respect for Everyone
အပြန်အလှန်လေးစားမှု
  • Treasure Net တွင် လူတိုင်းသည် လေးစားမှုရရှိထိုက်သည်ဟု ယုံကြည်ပါသည်။
  • Customer၊ လုပ်ဖော်ကိုင်ဖက်၊ အထက်လူကြီး၊ လက်အောက်ဝန်ထမ်း၊ သင်တန်းသား သို့မဟုတ် Partner မည်သူဖြစ်စေ ယဉ်ကျေးစွာ၊ လေးစားစွာနှင့် သင့်လျော်သော အပြုအမူဖြင့် ဆက်ဆံရပါမည်။
  • မိမိ၏ စကားပြောပုံ၊ အသံနေအသံထား၊ အပြုအမူ၊ အချိန်နှင့် အခြားသူ၏ အလုပ်ကို တန်ဖိုးထားမှုတို့သည် Respect ကို ဖော်ပြသော အရေးကြီးသည့် အရာများဖြစ်ပါသည်။
  • အမြင်မတူညီမှုရှိသည့်အခါ လူကိုမတိုက်ခိုက်ဘဲ အကြောင်းအရာကိုသာ ဆွေးနွေးရမည်ဖြစ်ပြီး စော်ကားခြင်း၊ နှိမ့်ချခြင်း၊ အရှက်ရစေခြင်း သို့မဟုတ် မလေးစားသော ဆက်ဆံမှုများကို လက်မခံပါ။
4. Equality, Inclusion & Non-Discrimination
တန်းတူညီမျှမှုနှင့် မခွဲခြားဆက်ဆံခြင်း
  • Treasure Net သည် လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ ကျား/မ၊ အသက်၊ မိသားစုနောက်ခံ၊ လူမှုအဆင့်အတန်း သို့မဟုတ် အခြားကိုယ်ရေးနောက်ခံကွာခြားမှုများအပေါ် အခြေခံ၍ ခွဲခြားဆက်ဆံမှု မပြုရန် အလေးထားပါသည်။
  • လူတိုင်းကို မိမိ၏ စွမ်းရည်၊ တာဝန်ယူမှု၊ အလုပ်ရလဒ်နှင့် အပြုအမူအပေါ် အခြေခံ၍ တရားမျှတစွာ ဆက်ဆံရပါမည်။
  • မတူကွဲပြားမှုကို ပြဿနာအဖြစ်မမြင်ဘဲ အဖွဲ့အစည်းအတွက် အမြင်အသစ်များ၊ သင်ယူမှုအသစ်များနှင့် အင်အားအသစ်များ ပေးစွမ်းနိုင်သော အရာအဖြစ် လက်ခံပါသည်။
5. Proactiveness & Ownership
မခိုင်းမီ ကြိုတင်စဉ်းစားလုပ်ဆောင်နိုင်မှု
  • Treasure Net တွင် “ခိုင်းမှလုပ်မည်” ဆိုသော စိတ်ဓာတ်ထက် မိမိတာဝန်နှင့် ပတ်ဝန်းကျင်ကို နားလည်ပြီး လိုအပ်သည့်အရာများကို ကြိုတင်သတိပြု၍ လုပ်ဆောင်နိုင်သော ဝန်ထမ်းများကို တန်ဖိုးထားပါသည်။
  • ပြဿနာဖြစ်ပေါ်ပြီးမှ ဖြေရှင်းခြင်းထက် ပြဿနာဖြစ်နိုင်သည့် အခြေအနေများကို ကြိုတင်မြင်နိုင်ခြင်း၊ လိုအပ်သည့်အလုပ်များကို ကြိုတင်စီစဉ်ခြင်းနှင့် အုပ်ချုပ်သူထံမှ အသေးစိတ်အမိန့်တိုင်းကို စောင့်ဆိုင်းမနေဘဲ မိမိအဆင့်အတန်းအတွင်း ဆုံးဖြတ်လုပ်ဆောင်နိုင်ခြင်းကို အားပေးပါသည်။
  • Proactive ဖြစ်ခြင်းသည် မိမိတာဝန်ထက်ကျော်လွန်၍ မသင့်လျော်သော ဆုံးဖြတ်ချက်များ ချမှတ်ခြင်းကို မဆိုလိုပါ။ လိုအပ်သည့်အခါ သင့်လျော်သော အုပ်ချုပ်သူထံ တင်ပြခြင်း၊ အကြံပြုခြင်းနှင့် ခွင့်ပြုချက်ယူခြင်းတို့ကိုပါ သိရှိဆောင်ရွက်ရပါမည်။


6. Customer First
Customer ကို ဦးစားပေးခြင်း
  • Treasure Net ၏ လုပ်ငန်းအားလုံး၏ အခြေခံမှာ Customer ယုံကြည်မှုဖြစ်ပါသည်။
  • Customer ကို ဦးစားပေးခြင်းဆိုသည်မှာ Customer ပြောသမျှကို အလိုက်သင့်လုပ်ပေးခြင်းမဟုတ်ဘဲ Customer ၏ လိုအပ်ချက်ကို နားလည်ခြင်း၊ မှန်ကန်သော သတင်းအချက်အလက်ပေးခြင်း၊ မျှတသော ဝန်ဆောင်မှုပေးခြင်းနှင့် ပြဿနာဖြစ်ပေါ်ပါက တာဝန်ယူစွာ ဖြေရှင်းပေးခြင်းဖြစ်ပါသည်။
  • ရေတိုရောင်းအားထက် ရေရှည်ယုံကြည်မှုကို ပိုမိုတန်ဖိုးထားရပါမည်။
  • Customer တစ်ဦးနှင့် ဆက်ဆံပုံသည် Treasure Net တစ်ခုလုံး၏ ပုံရိပ်ကို ကိုယ်စားပြုနေသည်ဟု ဝန်ထမ်းတိုင်း သတိပြုရပါမည်။
7. Continuous Learning & Improvement
အမြဲသင်ယူခြင်းနှင့် တိုးတက်ခြင်း
  • Technology၊ Customer လိုအပ်ချက်နှင့် လုပ်ငန်းပတ်ဝန်းကျင်တို့သည် အမြဲပြောင်းလဲနေသောကြောင့် မိမိလက်ရှိကျွမ်းကျင်မှုကိုသာ အားကိုးနေခြင်းမဟုတ်ဘဲ ဆက်လက်သင်ယူတိုးတက်ရန် လိုအပ်ပါသည်။
  • မသိသည်ကို မရှက်ဘဲ မေးမြန်းခြင်း၊ Feedback ကို လက်ခံခြင်း၊ အမှားမှ သင်ယူခြင်း၊ Product Knowledge နှင့် Job Knowledge ကို ပုံမှန်တိုးတက်အောင် လေ့လာခြင်းကို အားပေးပါသည်။
  • မိမိတာဝန်အတွက် လိုအပ်သော နည်းပညာအသစ်များ၊ Product အသစ်များ၊ လုပ်ငန်းစဉ်အသစ်များနှင့် Customer လိုအပ်ချက်အသစ်များကို လေ့လာရန် ဝန်ထမ်းတိုင်းတွင် ကိုယ်ပိုင်တာဝန်ရှိပါသည်။
8. Teamwork & Support
ပူးပေါင်းဆောင်ရွက်မှုနှင့် အချင်းချင်းကူညီမှု
  • Treasure Net ၏ အောင်မြင်မှုသည် လူတစ်ဦးတည်း၏ အောင်မြင်မှုမဟုတ်ဘဲ Team တစ်ခုလုံး၏ ပူးပေါင်းဆောင်ရွက်မှုအပေါ် အခြေခံပါသည်။
  • မိမိဌာန၏ အလုပ်သာ အရေးကြီးသည်ဟု မယူဆဘဲ လိုအပ်သည့်အခါ အခြား Team များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ သိရှိထားသော အချက်အလက်များကို မျှဝေခြင်းနှင့် လုပ်ဖော်ကိုင်ဖက်များကို ကူညီပံ့ပိုးခြင်းကို အားပေးပါသည်။
  • တစ်ဦး၏ အားနည်းချက်ကို အပြစ်တင်ခြင်းထက် အဖွဲ့အစည်းတစ်ခုလုံး ပိုမိုကောင်းမွန်လာစေရန် အချင်းချင်းကူညီပေးခြင်းကို Treasure Net Culture အဖြစ် သတ်မှတ်ပါသည်။
9. Accountability
မိမိအလုပ်အပေါ် တာဝန်ခံမှု
  • မိမိလုပ်ဆောင်သော အလုပ်၊ ဆုံးဖြတ်ချက်နှင့် ရလဒ်အပေါ် မိမိကိုယ်တိုင် တာဝန်ခံနိုင်ရပါမည်။
  • ပြဿနာဖြစ်ပေါ်သည့်အခါ အခြားသူကို အပြစ်ပုံချခြင်း၊ အကြောင်းပြချက်ပေးခြင်းထက် အခြေအနေကို ရိုးသားစွာရှင်းပြပြီး ဖြေရှင်းနည်းရှာဖွေရန် လိုအပ်ပါသည်။
  • တာဝန်ခံမှုရှိသော ဝန်ထမ်းသည် အောင်မြင်မှုကိုသာ မိမိအောင်မြင်မှုအဖြစ် သတ်မှတ်ခြင်းမဟုတ်ဘဲ အမှားနှင့် အားနည်းချက်များကိုလည်း လက်ခံပြီး တိုးတက်အောင် ပြင်ဆင်နိုင်သူဖြစ်ပါသည်။
10. Professionalism
ပရော်ဖက်ရှင်နယ်ဆန်မှု
  • Treasure Net ဝန်ထမ်းတိုင်းသည် မိမိကိုယ်တိုင်သာမက Company ၏ အမှတ်တံဆိပ်နှင့် ယုံကြည်မှုကိုပါ ကိုယ်စားပြုနေသူဖြစ်ပါသည်။
  • အချိန်မှန်မှု၊ သပ်ရပ်သန့်ရှင်းမှု၊ သင့်လျော်သော ဆက်ဆံရေး၊ မှန်ကန်သော ဆက်သွယ်ပြောဆိုမှု၊ Customer Information နှင့် Company Information များကို စနစ်တကျထိန်းသိမ်းမှုတို့သည် Professionalism ၏ အစိတ်အပိုင်းများဖြစ်ပါသည်။
  • အလုပ်တာဝန်ရှိနေချိန်တွင် မိမိ၏ ကိုယ်ရေးခံစားချက်များ သို့မဟုတ် ပုဂ္ဂိုလ်ရေးအမြင်များကြောင့် Customer Service သို့မဟုတ် Teamwork ထိခိုက်မှု မဖြစ်စေရန် ထိန်းသိမ်းနိုင်ရပါမည်။

Our Culture in Practice

ဝန်ထမ်းတိုင်းသည်—

ကြိုးစားမည်။
ရိုးသားမည်။
လူတိုင်းကို လေးစားမည်။
မည်သူ့ကိုမျှ မခွဲခြားမည်။
မခိုင်းမီ လိုအပ်သည်ကို ကြိုတင်စဉ်းစားလုပ်ဆောင်မည်။
Customer ၏ ယုံကြည်မှုကို တန်ဖိုးထားမည်။
အမြဲလေ့လာတိုးတက်မည်။
Team နှင့် ပူးပေါင်းကူညီမည်။
မိမိအလုပ်အပေါ် တာဝန်ခံမည်။
Professional အဖြစ် ပြုမူမည်။

ဤတန်ဖိုးများသည် Treasure Net ၏ လုပ်ငန်းယဉ်ကျေးမှု၏ အခြေခံဖြစ်ပြီး ဝန်ထမ်းတိုင်းအနေဖြင့် နေ့စဉ်လုပ်ငန်းခွင်တွင် လက်တွေ့ကျင့်သုံးရန် မျှော်လင့်ပါသည်။